တော်ကူးလေးပြသာဒ်ကျောင်းတိုက်

Listing Description

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားအနီးတွင် တည်ရှိသည်။ နှစ်ထပ်အုတ်တိုက် ရှေးဟောင်းအဆောက်အအုံကြီးဖြစ်ပြီး မြန်မာမှုဗိသုကာလက်ရာများဖြင့် သေသပ်လှပစွာ တည်ဆောက်ထားသည်။ တစ်ချိန်က သီပေါမင်း၏ ဆွေတော်မျိုးတော်များ နေထိုင်ခဲ့သည့် အိမ်ဂေဟာ ဖြစ်ခဲ့သည်ဟု သိရသည်။ ကျောင်းတိုက်၏ ကျက်သရေဆောင်ခန်းတွင် ဗုဒ္ဓကြေးဆင်းတုတော် လေးဆူကို ကြည်ညိုဖွယ် ဖူးမြင်နိုင်ပါသည်။