အင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ် ဇာတိဖြစ်၍ အဖ ဦးချွန်နှင့် အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့ကာ အမည်ရင်းမှာ 'ကိုလေး' ဖြစ်သည်။ ဆဋ္ဌမတန်းကစတင်ပြီး ကဗျာများရေးသားခဲ့သည်။ အင်းဝဂုဏ်ရည် အလယ်တန်းကျောင်း၊ ပြဿဒ်ကျောင်းနှင့် တံတားဦးမြို့ အထက တို့တွင် ပညာသင်ကြားခဲ့ပြီး၊ မန္တလေးတက္ကသိုလ်၌ ဆက်လက် ပညာဆည်းပူးခဲ့၏ ။
မန္တလေးတက္ကသိုလ်တွင် စစ်ကိုင်းတိုင်းအသင်း ဉာဏဗလမှူး၊ အဆောင်များ စာကြည့်တိုက်မှူး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းတို့၌ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာ၌ “ကျွန်ပ်တို့ ဌာန ရွှေအင်းဝ” ကဗျာ စတင်ပုံနှိပ်ဖော်ပြခြင်းခံရသည်။ “လမ်းသစ်ကဗျာများ” စာအုပ်ဖြင့် ၁၉၆၅ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ပထမဆု ရခဲ့သည်။
၁၉၉ဝ ခုနှစ်တွင် ကဗျာရှင် ၅ ဦး စုစည်းမှုနဲ့ “နဒီငါးသွယ်” ကဗျာရှည်စာအုပ် ထုတ်ဝေခဲ့ပြီး တံတားဦးမြို့မှာ နေထိုင်လျက် ရှိသည်။