အောင်ခမ်းနောင်ဘုရား

Listing Description

ကလောမြို့မဈေးအနီး စေတီလှလမ်းတွင် တည်ရှိသည်။ စေတီတော် တည်ထားသည့် ခုနှစ်ကိုမသိရသော်လည်း စေတီတော်အား အကြိမ်ကြိမ် ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြသည်။ စေတီတော်၏ အရှေ့ဘက်လိုဏ်ခေါင်းအတွင်း၌ မူလရှမ်းရိုးရာ အုတ်ဖြင့်ပြုလုပ်သော ဆင်းတုတော်တစ်ဆူအစား ရွှေချထားသည့် စကျင်ကျောက်ဆင်းတုတော်ဖြင့် အစားထိုးထားပါသည်။