မိုးကုတ်အင်း

Listing Description

မိုးကုတ်အင်းသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ပတ္တမြားစေတီတော်၏ မြောက်ဘက်၊ မိုးကုတ်မြို့လယ်၌ တည်ရှိပါသည်။ ကိုလိုနီခေတ် ဂျော့စထရီးတား ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ စက်ယန္တရားများဖြင့် ချိုင့်ဝှမ်းများဖြစ်သည်အထိ ကျောက်မျက်များတူးဖော်စဉ် ရေများထွက်လာသည့် ပြဿနာအားဖြေရှင်းရန် ချိုင့်ဝှမ်းများ၏အောက် ပေတစ်ရာခန့်အနက်တွင် တစ်မိုင်ရှည်လျားသော ဥမင်လှိုဏ်ခေါင်းကြီးတစ်ခု တူးဖော်၍ ထိုဥမင်မှ ရေများအပြင်သို့လွှဲထုတ်ခဲ့သဖြင့် ရေထွက်သည့် ပြဿနာပြေလည်သွားခဲ့ပါသည်။ သို့သော် ၁၉၂၅ ခုနှစ်နောက်ပိုင်းတွင် ထိုဥမင်ပြိုကျခဲ့သည့်အတွက် ကြီးမားကျယ်ပြန့်သော အင်းကြီးတစ်ခုဖြစ်သွားခဲ့ပါသည်။ ယခုအခါ ထိုမိုးကုတ်အင်းကြီးပတ်လည် ကန်ဘောင်တွင် ကျန်းမာရေးအားကစားလှုပ်ရှားသူများ၊ အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိပါသည်။