မဏိမင်္ဂလာထာပွဲ

Listing Description

မဏိမင်္ဂလာထာပွဲ ခေါ် ကျောက်မျက်ရတနာများရောင်းဝယ်သည့်ဈေးသည် မိုးကုတ်မြို့လယ် မိုးကုတ်အင်း၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ ဒေသအခေါ် "ထာ" ဆိုသည်မှာ ကျောက်မျက်ရတနာများထည့်သည့် ခွက်ဟုသိရပြီး နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ စည်ကားတတ်သော ကျောက်မျက်ရတနာမျိုးစုံကို တစ်နေရာတည်းတွင် တွေ့မြင်နိုင်သည့် ဈေးဖြစ်ပါသည်။ ထို့ပြင် မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက်အတွင်းရှိ ပန်းခြံထာပွဲမှာလည်း ကျောက်အရိုင်းနှင့်အချောထည် အမျိုးအစား ၁ဝဝ နီးပါးကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး မဏိမင်္ဂလာထာပွဲကဲ့သို့ပင် ကျောက်မျက်ရတနာရောင်းသူများ၊ ဝယ်သူများဖြင့် စည်ကားပါသည်။