ပကောယှိဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့် ရှင်အရဟံတန်ဆောင်းဘေးမှ ညောင်ပင်ကြီး အနီးတွင် ထုံးသင်္ကန်း အုတ်ရိုးစေတီတစ်ဆူ ရှိသည်။ စေတီပတ်လည်မှ ဂူပြာသာဒ်များ အောက်ခြေတွင် ဘီလူးရုပ်များခံပြီး တည်ထားသည့် "လောကပါလဘုရား" ဘွဲ့မည်ဖြင့် ဆင်းတုနှစ်ဆူ ရှိသည်။ ပခေါယှိ အမည်ရှိ ရှမ်းဆရာကြီး တစ်ဦးနှင့် တပည့်များ ကောင်းမှုဖြစ်သည်။ ပခေါယှိကို တရုတ်ဘိုးတော် တစ်ဦးဟုလည်း ဆိုကြ၏။ စေတီမှ အရှေ့ဘက်သို့ မျက်နှာမူသော ဂူပြာသာဒ် အမှတ် (၇၄) အတွင်း တရုတ်ဟန် လက်ရာဖြင့် လောကပါလ ဆင်းတုတော်တစ်ဆူ ရှိသည်။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိသော ဂန္ဓကုဋီတိုက်တွင် အောက်ခြေ၌ ဘီလူးခေါင်းသုံးခုခံသော လောကပါလ နဂါးရုံဘုရား ရှိ၏။ ဂူပြာသာဒ်အမှတ် (၇၂) ဖြစ်သည်။ ထိုနဂါးရုံဘုရားတွင် လောကီအဓိဋ္ဌာန် ပြုသူများ၊ သိုက်ပွဲဆက်သူများ အများအပြား လာရောက်ကြသည်။ နိုင်ငံရပ်ခြား ခရီးသွားရန် အဓိဋ္ဌာန်ပြုသူများ အောင်မြင်သည်ဟု အဆိုရှိသည်