ပဲခူးဆောင်

Listing Description

ရန်ကုန်တက္ကသိုလ်၏ ဗဟိုကျောင်းဆောင်များဖြစ်သော အင်းဝ စစ်ကိုင်းပင်းယ၊ ပဲခူး၊ သထုံကျောင်းဆောင် ငါးဆောင်ကို ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ ၁၉၂၈ ခုနှစ်တွင် အင်္ဂလိပ် အက္ခရာ E ပုံစံ သုံးထပ်တည်ဆောက်ခဲ့ပြီး အလျား ၁၉၆ ပေ ၊ အနံ ၈၂ ပေနှင့် အမြင့် ၃၆ ပေ စီရှိကာ အခန်း ၁၄၈ ခန်းစီ ပါရှိသည်။  ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်းအပြင် ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးဝန် (ဆရာမင်းသုဝဏ်)နှင့် ဝန်ကြီးချုပ်ဦးနုတို့ နေထိုင်ခဲ့ကြပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘီအေစီနီယာတန်း တက်ရောက်ပညာသင်ကြားစဉ် ၁၉၃၆-၁၉၃၇ ခုနှစ်တွင် ပဲခူးဆောင်အပေါ်ထပ်ရှိ အခန်းအမှတ် ၁၁၃ ၌ နေထိုင်ခဲ့ပြီး ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အခါတွင် ပဲခူးဆောင်သည် ရန်ကုန်မြို့ပြအမွေအနှစ်ရှေးဟောင်း အဆောက်အအုံများစာရင်းဝင် တစ်ခုဖြစ်ပြီး ဘာသာရပ်စုံမှ ကျောင်းသားများ နေထိုင်လျက်ရှိကာ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက နေထိုင်ခဲ့သော အခန်းအမှတ် ၁၁၃ ကိုလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် တစ်ကြိမ်၊ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့သည့် အာဇာနည်နေ့တွင် တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ်ဖွင့်လှစ်ပြသပေးလျက်ရှိပါသည်။