အင်းဝဆောင်

Listing Description

ရန်ကုန်တက္ကသိုလ်၏ ဗဟိုကျောင်းဆောင်များဖြစ်သော အင်းဝ၊ စစ်ကိုင်းပင်းယပဲခူးသထုံကျောင်းဆောင် ငါးဆောင်ကို ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ ၁၉၂၈ ခုနှစ်တွင် အင်္ဂလိပ် အက္ခရာ E ပုံစံ သုံးထပ်တည်ဆောက်ခဲ့ပြီး အလျား ၁၉၆ ပေ ၊ အနံ ၈၂ ပေနှင့် အမြင့် ၃၆ ပေ စီရှိကာ အခန်း ၁၄၈ ခန်းစီ ပါရှိသည်။ အင်းဝဆောင်မှာ အခြားအဆောင်များထက် အစောဆုံးအုတ်မြစ်ချ တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်သည်ဟု သိရသည်။ ယခုအခါ ယင်းအင်းဝဆောင်သည်လည်း အခြားသော စစ်ကိုင်းပဲခူးသထုံပင်းယဆောင်များနည်းတူ ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။