မြေအောက်လမ်းကူးလူသွားဥမင်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖောက်လုပ်ထားသော မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက်လမ်းကူး လူသွားဥမင်ဖြစ်သည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပန္နက်တင်အခမ်းအနားဖြင့် စီမံကိန်းစတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် တည်ဆောက်ပြီးစီးသည်။ ဈေးဆိုင်ခန်းများပါဝင်သည့် မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀ ၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မ၊ ပင်မဥမင်စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ မြေအောက် လမ်းကူးလူသွားဥမင် (Underpass) အတွင်း ရွေ့လျားစက်လှေကား ၃ စင်း၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်းတည်ဆောက်ထားပြီး ဈေးဆိုင်ခန်း ၁၈ ခန်း ထည့်သွင်းတည်ဆောက်ထားသည်။ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ် အခြေအနေကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ sensor များ၊ ကင်မရာများ တပ်ဆင်ထားရှိသည်။