သထုံဆောင်

Listing Description

ရန်ကုန်တက္ကသိုလ်၏ ဗဟိုကျောင်းဆောင်များဖြစ်သော အင်းဝ စစ်ကိုင်းပင်းယပဲခူး၊ သထုံကျောင်းဆောင် ငါးဆောင်ကို ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ ၁၉၂၈ ခုနှစ်တွင် အင်္ဂလိပ် အက္ခရာ E ပုံစံ သုံးထပ်တည်ဆောက်ခဲ့ပြီး အလျား ၁၉၆ ပေ ၊ အနံ ၈၂ ပေနှင့် အမြင့် ၃၆ ပေ စီရှိကာ အခန်း ၁၄၈ ခန်းစီ ပါရှိသည်။ ယခုအခါ သထုံဆောင်သည်လည်း အခြားသော အင်းဝစစ်ကိုင်းပဲခူးပင်းယဆောင်များနည်းတူ ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။