အင်းလျားဆောင်

Listing Description

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးအမျိုးသမီးအဆောင်ဖြစ်သော အင်းလျားဆောင်ကို ၁၉၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၃၁ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဝိတိုရိယကန်ဟု ခေါ်ခဲ့သော အင်းလျားကန်ကို မျက်နှာမူ၍ တည်ရှိနေသောကြောင့် ‘အင်းလျားဆောင်’ ဟု အမည်ခေါ်တွင် လာသည်ဟု သိရသည်။ ယခုအခါ ယင်းအင်းလျားဆောင်သည် ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။