ဖုန်ကန်ရာဇီရေခဲတောင်

Listing Description

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၁၁၉၂၅ ပေ မြင့်ပါသည်။ ဆေးဘက်ဝင်သစ်ပင်သစ်မြစ်များ၊ သစ်ခွနှင့် ပန်းမန်များ၊ ရှားပါးကျေးငှက်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးကွဲများ၊ ရေခဲများ ပျော်ကျစီးဆင်းနေသာ ချောင်းများ စသည့် သဘာဝအလှပများရှိသော ရေခဲတောင်ဒေသ ဖြစ်ပါသည်။ ပူတာအိုမြို့မှ ရှစ်ညအိပ် ကိုးရက်ခရီးသွားရပါသည်။ လမ်းခရီးတွင်လည်း အထက်ဆန်ဂေါင်ကျေးရွာ၊ ဝါးဆန်းဒမ်းကျေးရွာ၊ အဝပ်ဒမ်းကျေးရွာ၊ ဇီယာဒမ်းကျေးရွာများကိုဖြတ်သန်းသွားပြီး ဒေသရိုးရာ ဓလေ့များကို လေ့လာနိုင်ပါသည်။ ဖုန်ကန်ရာဇီရေခဲတောင်သို့ သွားရောက်မည်ဆိုလျှင် လေ့ကျင့်မှုအနည်းငယ်ရှိရန်လိုအပ်ပြီး နိုဝင်ဘာလ မှ မေလအထိ ရေခဲရှိနိုင်သည်။ ရာသီဥတုအကောင်းဆုံးနှင့် သွားလာရအလွယ်ကူဆုံးအချိန်မှာ ဒီဇင်ဘာလမှ ဧပြီလအထိ ဖြစ်ပြီး ရေခဲစီးနှင်းများစွာ တွေ့ရှိနိုင်မည်ဖြစ်သည်။ ဖုန်ကန်ရာဇီတောင်ထိပ်မှ ဖုန်ရင်ရာဇီတောင်ကျော၊ ဖန်ဂရမ်ရာဇီတောင်ကျော၊ လုံခရုမာတင်တောင်ကျော၊ မွဒယ်ရာဇီတောင်ကျောနှင့် အိန္ဒိယတောင်တန်းများကို မြင်တွေ့နိုင်ပါသည်။