ဇော်ဂျီရေထွက်ပေါက်

Listing Description

ကျောက်ဆည်မြို့အထိ စီးဆင်းလျက်ရှိသည့် ဇော်ဂျီမြစ်၏အစပြုရာဖြစ်သော ဇော်ဂျီသဘာဝရေထွက်ပေါက်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အနီးတွင် တည်ရှိပါသည်။ အဖိုပေါက်နှင့် အမပေါက်ဟူ၍ နှစ်ခုရှိပြီး ကျောက်ဆောင်များကြားမှ သဘာဝအတိုင်း ထိုးထွက်စီးဆင်းလျက်ရှိသည်။ မောင်ပေါက်နှင့် မပေါက်ဟူ၍လည်း ခေါ်တွင်ကြပြီး ထိုရေထွက်ပေါက်နှစ်ခုမှထွက်ရှိသောရေများသည် တစ်နေရာတွင် ပေါင်းဆုံ၍ ဇော်ဂျီမြစ်အဖြစ် ကျောက်ဆည်မြို့အထိ စီးဆင်းသွားသည်။ ဇော်ဂျီမြစ်ကို အမှီပြု၍ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်ခန့်က တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးပြုလုပ်ကြသည်ဟု သိရပါသည်။