နောင်တရစေတီ (ဝါ) ကျိုက်ဇြငံစေတီ

Listing Description

နောင်တရစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာတွင် တည်ရှိပါသည်။ မွန်ဘာသာဖြင့် ကျိုက်ဇြငံဘုရားဟူ၍ ခေါ်တွင်ပါသည်။ ၁၉၉၉ ခုနှစ်တွင် စေတီတော် ရင်ပြင်ပြုပြင်ရာမှ ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာ တစ်ချပ်ကို တွေ့ရှိခဲ့ပါသည်။ ယင်းကျောက်စာချပ်သည် အမြင့် ၃ ပေ၊ အကျယ် ၂ ပေ၊ ထု ၄ လက်မခန့်ရှိပါသည်။ ကျောက်စာချပ်ပါ အဓိပ္ပာယ်အကျဉ်းချုံးမှာ ဒုတိယဟံသာဝတီခေတ်ကို တည်ထောင်သူ မွန်ဘုရင် ဗညားဦးမင်းသည် မုတ္တမမြို့တွင် မင်းပြုနေစဉ် သမီးတော် မေရ်ဒေါင်ဗြဗီက ဒလမြို့(ယခုတွံတေးမြို့)၌ ကျိုက်ဇြငံဘုရားကိုတည်ပြီး၊ ကောဇာနှစ် ၇၂၄ ၊ အေဒီ ၁၃၆၂ ခုနှစ်တွင် သူ့ရှင် ဗညားဦးကိုယ်တိုင် ထီးတော်တင်ကြောင်း ပါဠိဘာသာ၊ မွန်ဘာသာ နှစ်မျိုးဖြင့် ရေးထိုးထားပါသည်။ (ကျိုက်မရောဘုရားမွန်ကျောက်စာကို အေဒီ ၁၄၅၅ တွင်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယခုကျိုက်ဇြငံ မွန်ကျောက်စာသည် ကောဇာနှစ် ၇၂၄ အေဒီ ၁၃၆၂ တွင်ရေးထိုးခဲ့သဖြင့် ကျိုက်ဇြငံဘုရားကျောက်စာသည် အစောဆုံး ခေတ်လယ်မွန်ကျောက်စာအဖြစ် ပြင်ဆင်သတ်မှတ်ရမည် ဖြစ်ပါသည်)။