စော်ဘွားတောင်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျိုင်းတောင်းရွာအနီးတွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့၊  မြို့ရှောင်လမ်းမမှတစ်ဆင့် ကြီးကိုင်ရွာသို့ လမ်းခွဲအတိုင်းသွားရပြီး အင်းယားရွာ၊ သင်ဂတုံ ရွာများကိုဖြတ်သန်းကာ ကျိုင်းတောင်းရွာ တောင်ခြေ ကျိုင်းတောင်းကျောင်းတိုက်မှ တောင်တက်ခရီးစတင်ရသည်။ ပြင်ဦးလွင်မြို့၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ရှမ်းစော်ဘွားကြီးတစ်ဦးကို အစွဲပြု၍ စော်ဘွားတောင်ဟု အမည်တွင်သည်ဟု သိရသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၉၆ ပေမြင့်ပြီး တောင်ခြေမြေပြင်မှတောင်ထိပ်ထိ အမြင့်မှာ ၁၀၅၀ ပေခန့်ရှိသည်။ တောင်ထိပ်တွင် မိဖုရားစောမွန်လှ တည်ထားခဲ့သည်ဟုဆိုသော စေတီတော်တစ်ဆူရှိသည်။ ယခင်စေတီအဟောင်းကို ကျိုင်းတောင်းရွာမှ အလှူရှင်များက ပြန်လည်မွမ်းမံပြင်ဆင်ထားသည်ဟု ဆိုကြသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် စည်ကားစွာကျင်းပလေ့ရှိသည်။ တောင်တွေအများကြီးကို အပေါ်စီးကနေ ကြည့်နိုင်ပြီး တောင်တက်ခရီးသွား ဝါသနာပါသူများအနေဖြင့် တစ်ခါတစ်ခေါက် တက်ရောက်ကြည့်သင့်သည့် တောင်တစ်ခုဖြစ်သည်။