နော်လီဇာ ဘင်ဆင် (၁၉၄၁ - ၂၀၁၀)

Listing Description

၁၉၄၁ ခု၊ မတ်လ ၁၀ ရက်တွင် ရန်ကုန်မြို့၊ ရှစ်မိုင်နေ စောဘင်ဆင်နှင့် နော်ချစ်ခင် တို့မှ မွေးသည်။ မောင်နှမ ၃ ယောက်အနက် အကြီးဆုံး ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များ ဝင်သည့်အခါ အရီးများရှိသည့် ကာလကတ္တားသို့ ရှောင်သည်။

၁၉၆၃ ခုတွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာနှင့် ဘွဲ့ရသည်။ အမေရိကန်နိုင်ငံ၊ ဘော်စတွန်ရှိ တက်ဖ် (Tufts) တက္ကသိုလ်သို့ သွားကာ ပညာဆက်သင်သည်။ ထိုမှပြန်လာသော် ရန်ကုန်တက္ကသိုလ်၌ နည်းပြ ဖြစ်လာသည်။

ရန်ကုန် အောင်ဆန်းကွင်း၌ ကျင်းပသည့် မယ်ဗမာပြိုင်ပွဲတွင် ၁၉၅၆ ခုနှစ်၌ လည်းကောင်း၊ ၁၉၅၈ ၌လည်းကောင်း နှစ်ကြိမ်တိုင် ဆုရသည်။

မယ်ဗမာရပြီးနောက် ကမ်းလှမ်းမှုများရှိရာ ရုပ်ရှင် ရိုက်သည်။ သီချင်းလည်း ဆိုသည်။

သီဆိုသော သီချင်းများ

ပြုံးချစ်သူ

ဝတ်ရည်နွယ်

ပါဝင်သော ဇာတ်ကားများ

ဝဏ္ဏကျော်ထင် ဦးမင်းဒင်

ပိတောက်တွေ ပွင့်ပြန်ပေါ့

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရန်ကုန်လာသည့် ကရင်လွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် လင်းထင် နှင့် ချစ်ကြိုက်ကာ ၁၉၆၄ ခု၊ မေလ ၁၂ ရက်၌ လက်ထပ်သည်။ ၁၉၆၅ တွင် လင်းထင်က တောပြန်ခိုရန် ကြိုးစားရာ သထုံအခြေစိုက် တပ်ရင်းတစ်ခုက အသေဖမ်းမိသည်။

လင်းထင် ကွယ်လွန်ပြီးနောက် လူငယ်များအား စည်းရုံးကာ နော်လွီဇာက ဗိုလ်မြထံ သွားပေါင်းသည်။ တပ်မဟာ(၅) အဖွဲ့ဝင် ဖြစ်လာသည်။ ဗိုလ်မြမှာ သဘောထားပြင်းသည့်အတွက် ပြန်ထွက်ကာ ထိုင်းသို့ ကူးသည်။

အမေရိကန်သို့ ရောက်ပြီးနောက် ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံတကာရေးရာ ဘာသာဖြင့် မဟာဘွဲ့ ယူသည်။ ဘားမားဖိုရမ် (Burma Forum) နှင့် ဗမာအတွက် အမေရိကားမှလှုပ်ရှားမှု (US Campaign for Burma) တို့တွင် ပါဝင်ကာ ကရင်တိုင်းရင်းသားတို့ အကျိုးအတွက် နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ခဲ့သည်။ မြန်မာ-ထိုင်း နယ်စပ်ရှိ ကရင်ဒုက္ခသည်များကို အကူအညီများ ပေးသည်။

ထိုင်းအခြေစိုက် အမေရိကန်ရေတပ် အရာရှိ၊ တက်ဖ် တက္ကသိုလ်၌ စာသင်ဖက်ဖြစ်ဖူးသူ ဂလန်းခရေ့ (Glenn Campbell Craig) နှင့် ၁၉၆၇ တွင် လက်ထပ်ကာ အမေရိကန်သို့ သွားသည်။ ချာမိန်း (Charmaine)၊ ကောလန်း (Colleen ) နှင့် ဘရက်ဖို့ (Bradford) ဟူသော သားသမီး ၃ ယောက်ရသည်။

ဦးနှောက်ကင်ဆာရောဂါဖြင့် ၂၀၁၀ ခု၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ဆန်တာ မော်နီကာ၌ ကွယ်လွန်သည်။