မေတိုးခိုင်

Listing Description

၁၉၉၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ဦးတိုးခိုင်နှင့် ဒေါ်အိကျော်ဇင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၏ တူမဖြစ်သည်။ မွေးချင်းညီမသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ International Language and Business Center (ILBC) တွင် တက်ရောက်ပညာသင်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် IGCSE စာမေးပွဲ ဖြေဆိုခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ Manchester Metropolitan University တွင် fashion ဘာသာရပ်ကို သင်ယူခဲ့သည်။ ဒုတိယနှစ်တက်ရောက်ပြီးနောက် ကျန်းမာရေးအခြေအနေအရ ရန်ကုန်သို့ပြန်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သူမ၏ hyperthyroidism (သိုင်းရွိုက်) ရောဂါ ပျောက်ကင်းသွားပြီးနောက် ကျောင်းပညာရေးကို ဆက်လက်သင်ကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ပထမဆုံး ပွဲဦးထွက်ဇာတ်ကားအဖြစ် “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားတွင် အိန္ဒြာကျော်ဇင်၊ နေတိုးတို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ကားသည် ထုတ်လုပ်ရေးအဖွဲ့က နောက်ကျနေသဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရုံတင်ပြသခဲ့ပြီး သူမအား ပရိသတ်အားပေးမှုရရှိခဲ့သည်။ နောက်ပိုင်းတွင် သီချင်းဗီဒီယိုများ၊ စီးပွားရေးကြော်ငြာများစွာ ရိုက်ကူးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် သရုပ်ဆောင် နော်ဖောအယ်ထာနှင့်အတူ “ဒဏ္ဍာရီမြန်မာ” ပုဂံသို့ (Mythical Myanmar Bagan) ခရီးသွားအစီအစဉ်ကို ရိုက်ကူးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် “ကလေးအသားခါးသည်” ပညာပေးဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စင်္ကာပူနိုင်ငံတွင် ကျင်းပသော Viber Rakuten Asia Summit တက်ရောက်ရန် ဖိတ်ကြားခံရသည်။

၂၀၂၀ ပြည့်နှစ်တွင် အဆိုတော် AR-T ၏ “မက်ခွင့်မရှိ” သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Sunkist Myanmar နှင့် Oppo Mobile ၏ brand ambassador တစ်ဦးဖြစ်သည်။