သင်ဇာဝင့်ကျော်

Listing Description

သင်ဇာဝင့်ကျော်ကို ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဦးကျော်ဝင်းနှင့် ဒေါ်အေးရင်သန်းတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် ဒုတိယဖြစ်သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

အနုပညာလောကထဲသို့ ကြော်ငြာမော်ဒယ်တစ်ဦးအနေဖြင့် ဝင်ရောက်လာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း အောင်မြင်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။

၂၀၁၇ ခုနှစ်မှစ၍ မင်းလည်းဘိုကေ ငါလည်းဘိုကေ၊ အရွယ်သုံးပါးချစ်တတ်သည်၊ သူငယ်ချင်းယောက္ခမ၊ သူငယ်၊ ဝိညာဉ်ကကြိုး စသည့် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင် ခဲ့သည်။

သူမ၏ ထင်ရှားသော နိုင်ငံတကာ အသိအမှတ်ပြု ဇာတ်ကားမှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးသော ရွှေကြာ ပညာပေး ဒရာမာ ဇာတ်ကားဖြစ်ပြီး၂၀၁၈ ခုနှစ်တွင် မြန်မာ၊ စင်ကာပူနှင့် မလေးရှား ရုပ်ရှင်ရုံများ၌ အင်္ဂလိပ် - မြန်မာဘာသာဖြင့် ပြသခဲ့သည်။

ဇာတ်ကားများ

မိုးညအိပ်မက်မြူ (၂၀၀၉)

အလန်းဇယား (၂၀၁၁)

အလန်းလွန်အလွန်လန်း (၂၀၁၂)

အမိုက်စား (၂၀၁၃)

ချစ်စံအိမ် ၂၀၂၈ (၂၀၁၅)

မင်းလည်းဘိုကေ ငါလည်းဘိုကေ (၂၀၁၆)

ခိုးဆိုးလုနှိုက် (၂၀၁၆)

ဝိညာဉ်ကကြိုး (၂၀၁၇)

ရွှေကြာ (၂၀၁၈)

တိုးကျော်မန်းနဲ့နန်းစံရွာ (၂၀၁၈)

မတစ်ထောင်တကောင်ဖွား (၂၀၁၈)

တည်ကြက် (၂၀၁၈)

သန်းခေါင်ယံည (၂၀၁၉)

အချစ်ဆုံး Crush? (၂၀၁၉)]

မြမြ (၂၀၂၀)

သံယာဇဉ်မင်းသား