မေခလာ

Listing Description

အဆိုတော် မေခလာကို လေယာဉ်မှူး (ဟောင်း) ဦးဖေဖေကျော်နှင့် မယ်ဗမာ (ဟောင်း) ဒေါ်ဖြူဖြူရှိန်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။၊ ငယ်မည်မှာ ငယ်ငယ် ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် မြန်မာစာဖြင့် ဘွဲ့ရသည်။

ကောလိပ်တွင် ဒုတိယနှစ်တက်နေစဉ်ကာလအတွင်း ဆရာများ၏ တိုက်တွန်းချက်ဖြင့် မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်တွင် နွဲ့ယဉ်ဝင်း၏ "အချစ်ဆိုတာ" သီချင်းကိုသီဆိုခဲ့ရာ သီဆိုဟန်ကို ဦးမြင့်လွင်က သဘောကျခဲ့ပြီး စီးရီးသွင်းရန် ဖြစ်လာခဲ့သည်။

သူမ၏သီချင်းများကို တေးရေး နိုင်မြန်မာ၊ ကိုင်ဇာ၊ ဝင်းမင်းထွေး စသူတို့မှ အများဆုံး ရေးပေးခဲ့သည်။ "ပြန်ပေတော့"၊ "အဲ့သလောက်တောင်ချစ်ရသည်"၊ "ဂိုးသွင်းကောင်းတဲ့ကိုကို"၊ "တစ်ခါက တက္ကသိုလ်"စသည့် သီချင်းများမှာ ထင်ရှားသည်။

အိမ်ထောင်ဖက်မှာ ရုပ်ရှင်သရုပ်ဆောင် ရန်ကျော်ဖြစ်ပြီး သမီးတစ်ယောက် ဖွားမြင်ထားသည်။

ထွက်ခဲ့သော စီးရီးများ

ကိုကိုရေ နွေရောက်ပြီ

ပြန်ပေတော့   ၁၉၈၂

ဒဏ္ဍာရီ

ရေသူမ

တစ်ကိုယ်တော်ခွေအချို့

ပြန်ပေတော့ (၁၉၈၂)

မပြောချင်လို့ကြည့်နေတာကြာပြီ

ပြန်ဆိုချင်သောသီချင်းများ ၁

ပြန်ဆိုချင်သောသီချင်းများ၂

စုံတွဲခွေအချို့

မေခလာည (၂၅နှစ်ပြည့် အထိမ်းအမှတ်) (၂၀၀၇)

နှုတ်မဆက်နဲ့ ငိုချင်တယ်၁

နှုတ်မဆက်နဲ့ငိုချင်တယ်၂