မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွန်ပြည်နယ်ရုံး၊ အမိန့်ကြော်ငြာစာအမှတ် ၇/ ၂၀၂၀

Listing Description

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မွန်ပြည်နယ်ရုံး

အမိန့်ကြော်ငြာစာအမှတ်၊ /၂၀၂၀

၁၃၈၂ခုနှစ်၊ တော်သလင်းလဆန်း () ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၁ ရက်)

 မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ မေလ ၁၉ရက် ရက်စွဲပါ အမိန့်အမှတ် ၅၄/၂၀၂၀ အရ ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၄ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကူးစက်သည့် ဓာတ်ခွဲအတည်ပြုလူနာ များ ပြားလာသဖြင့် လည်းကောင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့သူ များပြားနေ၍ လည်းကောင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာအား အဝင်အထွက် ကန့်သတ်သည့် နေရာအဖြစ် သတ်မှတ်လိုက်သည်။

၂။ ပြည်သူများသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -

(က) အထက်ပါ နေရာတွင် နေထိုင်သူများသည် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာခြင်းမပြုရန်၊

() ပြင်ပမှ ပြည်သူများအနေဖြင့် အထက်ပါ နေရာသို့ ဝင်ရောက်ခြင်းမပြုရန်၊

၃။ အထက်ဖော်ပြပါ နေရာအတွင်း နေထိုင်သူများသည် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန် ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များ ပေါ်ပေါက်လျှင်ဖြစ်စေ အသွားအလာ ကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့် ဆက်သွယ် ဆောင်ရွက်ရန် ဖြစ်ပါသည်။

၄။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၅။ ဤအမိန့်သည် ၂၁--၂၀၂၀ ရက်၊ :၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။

(ဒေါက်တာထွန်းအောင်ကြည်)

 ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး

မွန်ပြည်နယ်-မော်လမြိုင်မြို့