မြို့ချက်အောင်မြေဘုရား

Listing Description

မြို့ချက်အောင်မြေဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မြို့ချက်ကျောင်းတိုက်အတွင်း တည်ရှိပါသည်။ အင်းဝမင်းများလက်ထက်တွင် ကလေးမြို့၏ အောင်မြေနေရာ၌ တည်ထားခဲ့သဖြင့် မြို့ချက်အောင်မြေစေတီတော်ဟု ဘွဲ့အမည်ထင်ရှားကြောင်း သိရပါသည်။ ရှေးယခင်က ကလေးမြို့၏အလယ်ချက်မ ဗဟိုကျသောနေရာတွင် တည်ထားခဲ့သဖြင့် "မြို့ချက်ဘုရား"၊ "မြို့ချက်စေတီတော်" ဟုလည်း ထင်ရှားပါသည်။