ထားထက်ထက်

Listing Description

၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖ ဒေါက်တာဦးကျော်မိုးနှင့် အမိ ဒေါ်တင်တင်ဆွေတို့မှ ကလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံးဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သော Miss Grand International 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Popular Award ဆုရရှိခဲ့သည်။

Miss Grand International 2013 ပြိုင်ပွဲပြီးနောက် ၂၀၁၄ ခုနှစ်တွင် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် “လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီ” ဇာတ်ကားတွင် လူမင်း၊ ယုန်လေးတို့နှင့်တွဲဖက်၍ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အထူးတပ်ဖွဲ့၊ ၂၅%၊ အယူတော်မင်္ဂလာ စသည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။