မြတ်နိန္ဒစေတီတော်

Listing Description

မြတ်နိန္ဒစေတီတော်သည် တောင်ငူမြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာ ခပေါင်းချောင်း မြောက်ဘက်တွင်ရှိသော တောင်ငူကြီးမြို့ဟောင်းနေရာတွင် တည်ရှိပါသည်။ စည်းခုံကြီးစေတီတော်၏ မြောက်ဘက်တွင်တည်ရှိပြီး ကေတုမတီတောင်ငူအဦးအစ တောင်ငူကြီး၏ (၁၉)ဆက်မြောက်မင်း ဖြစ်သော စောလူးသင်္ခယာမင်းမြတ်မှ ကောဇာသက္ကရာဇ် ၇၈၃ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ မူလစေတီတော်မှာ လုံးပတ်တော် သံတောင် ၃၉ တောင်(၆၁.၇၅ပေ)၊ ဉာဏ်တော်အမြင့် ၁၂တောင်(၁၉ပေ) ရှိပြီး ခေတ်အဆက်အဆက် အလှူရှင်များ ပြုပြင်ထိန်းသိမ်းလာခဲ့ရာ ၂၀၁၃ ခုနှစ်တွင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်မိသားစုမှ ဉာဏ်တော်အမြင့် ၁၂၅ ပေ၊ လုံးပတ် ၇၂ ပေအထိ တိုးချဲ့ပြုပြင် လှူဒါန်းခဲ့ပါသည်။