မြသိန်းတန်စေတီ

Listing Description

မြသိန်းတန်စေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံကြီးရွာအရှေ့ဘက်တွင် တည်ရှိပါသည်။ သာသနာတော် ၂၅၈ ခုနှစ်တွင် နန္ဒရာဇာမင်းနန်းတက်ပြီး ထိုနှစ်၌ ဘေးလောင်းတော် လန္တပါလမင်းကြီး လက်ထက်မှစတင်၍ နန်းဦးတွင် မြကြုပ်တော်၊ ရတနာပန်းတောင်းဖြင့် ထည့်သွင်း ကိုးကွယ်ပူဇော်ခဲ့သော ဓာတ်တော်များကို ရန်သူတို့ လုယူဖျက်ဆီးမည်စိုး၍ ရာဇဂြိုလ်ရွာ၏ အရှေ့တောင်ထောင့် အရပ်သို့ ပင့်ဆောင်ခဲ့၍ နက္ခတ်သဘင် ကျင်းပရာ ဘောဂပဗ္ဗတ တောင်ထိပ်၌ ရန်သူမျိုးငါးပါးတို့ ဖျက်ဆီးခြင်းငှာ မတတ်နိုင်အောင် အတောင် ၄၀ တူးပြီး ခိုင်ခံ့လုံခြုံစွာ ဌာပနာတော်မူ၍ အရံစေတီ နှစ်ဆူနှင့်အတူ "မြသိန်းတန်ဘုရား" ဟု တည်ထားတော် မူခဲ့သည်။ ယခုထက်တိုင် မြသိန်းတန်ဘုရားပွဲတော်ကို နက္ခတ်သဘင် ကျင်းပသည့်ရက် ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် အစဉ်အဆက် ကျင်းပဆဲ ဖြစ်ပါသည်။ နွယ်ပတ်မြို့ရှင် နန္ဒရာဇာမင်း တည်ထား ကိုကွယ်ခဲ့သော မြသိန်းတန်စေတီတော်ကို ကလေး - တမူး ဒေသသို့ အလည်တစ်ခေါက် လာရောက်ပြီး ဖူးမျှော်ကြည်ညိုနိုင်ပါသည်။

Credit – IPRD Kalay