လွယ်တမူလိုဏ်ဂူ

Listing Description

လွယ်တမူလှိုဏ်ဂူသည် လွိုင်ကော်မြို့အဝင် ၊ အမှတ် (၃၅၆ ) အမြောက်တပ်ရင်းဝင်း အတွင်းတွင် တည်ရှိပါသည်။ အမြောက်တပ်ရင်းအဝင်ဂိတ်တွင် စာရင်းပေးသွင်း၍ မည်သူမဆို လွယ်ကူစွာဝင်ရောက်နိုင်ပါသည်။ လွယ်တမူလှိုဏ်ဂူသည် မြေအောက် အနက် ၁၁၀ ပေ တွင်တည်ရှိနေပြီး အကျယ် ပေ ၁၀၀ ခန့် ရှိပါသည်။ ဂူပေါက် နှစ်ပေါက် ဖြစ်နေကာအရှေ့ဘက် ပေ ၃၀၀ ခန့် နှင့် အနောက်ဘက် ပေ ၅၀၀ ခန့်အထိ ရှည်လျားပါသည်။ လှိုဏ်ဂူ၏ အမြင့်မှာ ပေ၃၀ ခန့် ရှိပါသည်။ လိုဏ်ဂူအတွင်းတွင် စေတီ ၁၅ ဆူ နှင့် ဆင်းတုတော် ၂၅၄ ဆူရှိပါသည်။ သဘာဝကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များ နှင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော နဂါးပုံစံ ကျောက်သားရုပ်ကြွများကို တွေ့မြင်နိုင်ပါသည်။