ဒုံးရေတံခွန်

Listing Description

ဒုံးရေတံခွန်သည် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသ ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်ရှိ ရေတံခွန်တစ်ခုဖြစ်ပါသည်။ မြိတ်မြို့မှ ရေမိုင် ၄၀ မိုင်ခန့်ကွာဝေးသော သဘာဝအလှကျွန်းတစ်ကျွန်းဖြစ်ပြီး ဒုံးရေတံခွန်မှ ပင်လယ်ထဲသို့ ဆီးဆင်းနေသောရေများမှာ ရေချိုဖြစ်သောကြောင့် ပတ်ဝန်းကျင်ကျွန်းများရှိ ကျေးရွာများသည် ဒုံးရေတံခွန်မှရေကို လာရောက်သယ်ယူ အသုံးပြုကြပါသည်။ ဒုံးရေတံခွန်ကို အဓိကထားကာ မြိတ်ကျွန်းစုသဘာဝအလှများ၊ တိုင်းရင်းသား ဆလုံ လူမျိုးများ၏ ဒုံးညောင်မိုင်းကျေးရွာ နှင့် ယဉ်ကျေးမှုဓလေ့များ၊ ပင်လယ်ရေအောက်ရှိ အဏ္ဏဝါမျိုးစိတ်များ ကို လေ့လာနိုင်ပါသည်။