မဏိရတနာဆံတော်ရှင်စေတီတော်

Listing Description

မဏိရတနာ ဆံတော်ရှင် စေတီတော်မြတ် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာ နှင့် တံခွန်တိုင်ရွာကြား ဇီးဖြူကုန်းအမည်ရှိ ကုန်းပေါ်တွင် တည်ရှိပါသည်။ ဗုဒ္ဓမြတ်စွာဘုရား ဝါတော် ၈ ဝါတွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ကြွလာစဉ် စန္ဒအမည်ရသော ရသေ့ဖြူသည် ဆံတော် ငါးဆူကို တောင်းခံရရှိခဲ့ရာ ထိုဆံတော် ငါးဆူအနက်မှ တစ်ဆူကို မဏိရတနာဆံတော်ရှင် ဇီးဖြူကုန်းစေတီတော်၌ ဌာပနာထည့်သွင်းကာ တည်ထားကိုးကွယ်ထားသည်။ မွန်ဘာသာဖြင့် ကျာ်ဂလွီ ဟုခေါ်ပြီး ဒေသခံများလည်း ကၠံင်တံင်တြိ (ကလွန် တူတလွီ့) ဟုလည်း ခေါ်ကြသည်။ ထို့ပြင် တောင်ကုန်း မို့မို့၌ ပေါက်ရောက်လျက်ရှိသော ဇီးဖြူသီးပင်များကို အစွဲပြု၍ ကရင်ဘာသာဖြင့် ခေါဟ်လံင်လာအွာ ကၠံင် ( ခေါဟ်လံင်လာအွာ = ဇီးဖြူကုန်း ၊ ကၠံင် = စေတီ) (ခွတ်လွန်လာဝှါ ကလွန်) ခေါ်ကြပါသည်။