ဇိနမာန်အောင်ရန်ပြေမာန်ပြေစေတီ

Listing Description

ဇိနမာန်အောင်ရန်ပြေမာန်ပြေစေတီသည် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြဝတီဘုန်းကြီးကျောင်းဝင်းအတွင်း တည်ရှိသည်။ "ဝမ်းဘဲအင်းစံမင်း" ဟုထင်ရှားသည့် သီရိပရဝ မဟာဓမ္မရာဇာ ဘွဲ့ခံ မင်းရဲကျော်စွာ အင်းဝ ကိုစိုးစံချိန်တွင် ရွှေကူမြို့၌ ရန်ပြေမာန်ပြေဘုရားတည်ထားရန် လက်ခကြေးငွေ၊ အုတ်၊ ထုံး၊ သဲ အဖိုးအခများနှင့်တကွ ဓာတ်တော်၊ မွေတော်များကို ရွှေကူမြို့စားထံ အပ်နှံ၍ ရန်ပြေမာန်ပြေစေတီတော် တည်ထားစေသည်။ ရွှေကူမြို့စား ရပ်ဆောက်နှင့် မြို့စားကတော် ဒေါ်ညိုတို့သည် ဘုရင့်ထံမှ ပို့ဆောင်အပ်သော ဌာပနာများဖြင့် ရန်ပြေမာန်ပြေဘုရားကို ကောဇာသက္ကရာဇ် ၁၀၅၉ ခုနှစ်၊ တော်သလင်းလတွင် တည်ထားကိုးကွယ်ခဲ့ကြပါသည်။ စေတီတော်သည် ၁၃၄၂ ခုနှစ်သို့ ရောက်သောအခါ ဧရာဝတီမြစ်ကမ်းပါးသို့ ပြိုကျလုနီးပါး ဖြစ်လျက်ရှိပါသည်။ထိုသို့ ပြိုကျလုနီးဖြစ်သဖြင့် မြို့နယ်သံ နာယကဆရာတော်များ၊ မြို့နယ်ပြည်သူ့ ကောင်စီအဖွဲ့များ၊ မြို့မိမြို့ဖများ တိုင်ပင်၍ ရန်ပြေမာန်ပြေဘုရားမှ ဓာတ်တော် မွေတော်များ၊ ဘုရားရုပ်ပွားတော်များကို  ပတ္တမြားမင်းကျောင်းပေါ် ထားရှိကြပါသည်။ ထိုသို့ ဌာပနာပစ္စည်းများ ထုတ်ယူ၍ မကြာမီမှာပင် ဝမ်းဘဲအင်းစံမင်း၏ ကောင်းမှုတော်ဖြစ်သော ရန်ပြေမာန်ပြေစေတီတော်ကြီး ပြိုကျပျက်စီးသွား ပါသည်။ ရန်ပြေမာန်ပြေစေတီဟောင်းမှ ဓာတ်တော်မွေတော်များ၊ ရုပ်ပွားတော်များ ဌာပနာ၍ စေတီအသစ်တည်ထားရန် ရွှေဘုံသာဆရာတော်အမှူးရှိသော သံဃနာယကဆရာတော်ကြီးများက တိုင်ပင်ကြပြီး မြဝတီကျောင်းတိုက်အတွင်း တည်ထားရန် ဆုံးဖြတ်ကြပါသည်။ ထိုသို့ဆုံးဖြတ်သည့်အတိုင်း မြို့နယ်သံဃနာယကများ၊ ဦးစိန်ရွှေအမှူးရှိသော မြို့နယ်ကောင်စီများ၊ အမှတ်(၄)ရပ်ကွက် မှ ဂေါပကများ ကြိုးပမ်းအားထုတ်ကြသဖြင့် (၁၃၄၅)ခုနှစ်တွင် ဇိနမာန်အောင် ရန်ပြေမာန်ပြေစေတီကို တည်ထားကိုးကွယ် နိုင်ခဲ့ပါသည်။

Credit to Myo Shwegu Facebook Page