ဆားလယ်ရွာရှေးဟောင်းဘုရားစေတီများ

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ၃၅ မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဆားလယ်‌ရွာတွင် တည်ရှိပါသည်။ ဆားလယ်ကျေးရွာတွင် ပုဂံခေတ်လက်ရာရှေးဟောင်းဘုရားစေတီ ၄၁ ဆူ၊ ပုဂံခေတ် ကျောက်စာချပ်ရေ ၁၂ ချပ်နှင့် ရှေးဟောင်းနံရံဆေးရေးပန်းချီများကို လေ့လာနိုင်ပါသည်။ ကျောက်စာများမှ တွေ့ရှိရသော အချက်အလက်များအရ ယင်းဘုရားစေတီများမှာ ပုဂံခေတ် နားတောင်းများမင်းနှင့် ဥစ္စနာမင်းတို့ လက်ထက်တွင် တည်ထားခဲ့သော ဘုရားစေတီများ ဖြစ်သည်ဟုသိရပါသည်။ ဘုရားစေတီ ၄၁ ဆူရှိသည့်အနက် ဘုရားအမှတ် (၁၃) သည် နံရံဆေးရေးပန်းချီများ အများဆုံးကျန်ရှိသည့် ဘုရားဖြစ်ပါသည်။ ၁၉၆၉ ခုနှစ်မှစ၍ ဆားလယ်ကျေးရွာရှိ ရှေးဟောင်းဘုရားစေတီများကို ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းထားရှိပါသည်။