အနော်ရထာတံတား

Listing Description

ဧရာဝတီမြစ်ကို ဖြတ်ကာ ချောက်မြို့နှင့် ဆိပ်ဖြူမြို့ကို ဆက်သွယ်ထားသည်။ တံတားအရှည်မှာ ၅၁၉၁ ပေရှိပြီး ပင်မတံတားမှာ ၄၁၉၁ ပေရှည်လျားကာ ချဉ်းကပ်တံတားမှာ ၁၀၀၀ ပေရှည်သည်။ သံမဏိသံပေါင်အမျိုးအစား တံတားတစ်စင်းဖြစ်သည်။ ယာဉ်သွားလမ်းအကျယ်မှာ ၂၈ ပေ ကျယ်ပြီး လူသွားလမ်းမှာ တဖက်လျှင် ၆ ပေစီ အကျယ်ရှိသည်။ အနော်ရထာတံတားကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ပြီးစီးခဲ့သည်။ ကုန်ကျငွေ မြန်မာကျပ်ငွေ ၃၂၈၄ မီလီယံရှိပြီး အမေရိကန်ဒေါ်လာအားဖြင့် ၅.၀၅ မီလီယံရှိခဲ့သည်။

#ဧရာဝတီမြစ်ကူးတံတား ဧရာဝတီတံတား