မီးမီးခဲ

Listing Description

အဆိုတော် မီးမီးခဲကို ၁၉၈၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်၌ မွေးဖွားခဲ့သည်။ သူမ၏ ဖခင်မှာ တေးရေးဆရာ ဦးစောဘွဲ့မှူးဖြစ်ပြီး အမဖြစ်သူ ကဗျာဘွဲ့မှူးသည်လည်း အောင်မြင်သော အဆိုတော်တစ်ဦးဖြစ်သည်။

မီးမီခဲ၏ သီချင်းများစွာထဲမှ အမှတ်တရလေးများ၊ ချစ်မိသူလေး၊ အချစ်ကိုသိချိန် စသည့်သီချင်းများမှာ ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သော သီချင်းများဖြစ်သည်။

အဆိုတော် ထူးအယ်လင်းနှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရားဝင် ကွာရှင်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကိုဘရိုက်စ် နှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်နှင့် သားတစ်ယောက်ထွန်းကားခဲ့သည်။ မကွယ်လွန်မီအချိန်ထိ မိသားစုနှင့်အတူ ဩစတေးလျနိုင်ငံတွင် နေထိုင်ခဲ့သည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ ဩစတေးလျစံတော်ချိန် ည ၉ နာရီခွဲတွင် ရင်သားကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ် ဖြစ်သည်။