နီနီခင်ဇော်

Listing Description

အဆိုတော် နီနီခင်ဇော်ကို ၁၉၉၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့၌ မွေးဖွားခဲ့သည်။ ဆေးတက္ကသိုလ် (၂) ရန်ကုန် တွင် တက်ရောက်သင်ကြားခဲ့သည်။

Melody World (သံစဉ်များနှင့်ကမ္ဘာ) သီချင်းပြိုင်ပွဲ၏ ၂၀၀၈ ရာသီ၌ အနိုင်ရခဲ့ပြီး အဆိုတော် လောကသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဖျော်ဖြေခဲ့သည်။

တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများကို ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ (REDVolution Shows) အမည်များဖြင့် ကျင်းပ​​လေ့ရှိသည်။ သူ၏ ပထမဆုံးတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲကို ၂၀၁၇ခုနှစ်ဧပြီ၁ရက်​နေ့တွင် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့သည်။ ဒုတိယ​မြောက်ပွဲကို ၂၀၁၈ခုနှစ် ဧပြီ ၇ရက်နှင့်၈ရက်တို့တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် Retro Themeဖြင့်ကျင်းပခဲ့သည်။

အယ်လ်ဘမ်များ

မာရီယို (၂၀၁၂)

အနီရောင် (၂၀၁၅)

ယူ (၂၀၁၇)

ပါတီခင်​ဇော် (၂၀၁၉)

Summer  (၂၀၁၉)