အင်းစိန်ကားလမ်းကူး မီးရထားခုံးကျော်လက်တက်တံတားသစ် မင်းကြီးလမ်းဘက်ခြမ်းအဆင်း တစ်လမ်းသွား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

Listing Description

ရန်ကုန်   ဒီဇင်ဘာ   ၄

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ လက်ရှိအသုံးပြုလျက်ရှိသော  မီးရထားခုံးကျော်တံတား ပင်မအမှတ်(၂) တံတားကြီးနှင့် ဆက်သွယ်၍ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန(တံတား)က ကြီးကြပ်၍ အေဝမ်းဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင် တာဝန်ယူ တည်ဆောက်ခဲ့သည်။

ရာနှုန်းပြည့် ပြီးစီး

တံတားအရှည် ၄၄၁ ပေရှိ  အောက်ခံဘိုးပိုင်ဖောင်ဒေးရှင်းဖြစ်ပြီး ကွန်ကရစ် ကြမ်းခင်းအမျိုးအစား ဖြစ်သည်။   ချဉ်းကပ်တံတားအရှည် ၁၂၃ ပေရှိ ကားလမ်းဘေးတစ်ဖက်စီတွင် လူသွားလမ်းများ ပါရှိကာ ကားအဆင်း  တစ်လမ်းသွား  အကျယ် ၁၆  ပေရှိ  ကားလမ်းအလွတ် အမြင့်ပေ ၂၀ ရှိသည်။ တံတားခံနိုင်ဝန် တန်  ၇၀ ရှိသည့်   အင်းစိန် ကားလမ်းကူး  မီးရထားခုံးကျော်  လက်တက်တံတားသစ်  အဆင်း တစ်လမ်းသွား    မင်းကြီးလမ်းဘက်ခြမ်း(ဗဟိုလမ်း)  တည်ဆောက် မှုသည် ယနေ့ညနေပိုင်းတွင်  ရာနှုန်းပြည့်   ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ဉာဏ်ဟိန်း