အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)

Listing Description

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)သည် ၄၁.၉၉၇ ဧက ကျယ်ဝန်းပြီး ရန်ကုန်တိုင်း ဒေသ ကြီး အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက် တွင်တည်ရှိပါသည်။ အရှေ့ဘက်တွင် သီရိလမ်းသွယ် ၊ အနောက်ဘက်တွင် အောက်မင်္ဂလာဒုံလမ်းမကြီး နှင့် ရွာမရဲစခန်း ၊ မြောက်ဘက်တွင်  အထည်ချုပ် စက်ရုံ၊ စွပ်ကျယ်စက်ရုံ နှင့်တောင်ဘက်တွင် မင်းကြီးလမ်း နှင့် ဘိုကုန်းစျေး ရှိပါသည်။ အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက်ဘက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် အဆိုပါ နေရာမှ အင်းစိန်ဘူတာ အရှေ့ဘက်သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ထိုစဉ်က Government School of Engineering  ဟု ခေါ်ဆိုခဲ့သည်။   ၁၉၀၈ ခုနှစ်တွင် အင်းစိန် ရွာမ ရှိ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School ဟု ခေါ်ဆိုခဲ့ပါသည်။ ၎င်းနေရာသို့ မပြောင်းရွှေ့မီကပင် Main Building မှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ ၁၉၁၂ ခုနှစ်မှစ၍ ယနေ့ထိ Government Technical Institute (GTI) ဟုပြောင်းလဲ ခေါ်ဆိုခဲ့ပါသည်။ ၁၉၉၅-၁၉၉၆ ခုနှစ်ဒုတိယနှစ်သင်တန်းများအား သန်လျင် GTI သို့ပြောင်းရွှေ့ သင်ကြား ခဲ့ကြရသည် ဟု မှတ်တမ်းများအရ သိရှိရပါသည်။ ၂၀၀၇ ခုနှစ်တွင် YCDC သို့လွှဲပြောင်းပေးခဲ့ရပြီး (၉.၉.၂၀၁၆) ရက်နေ့တွင် YCDC ထံမှ ပညာရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်လွှဲပြောင်းယူခဲ့ပြီး (၁.၁၂.၂၀၁၇) ရက်နေ့တွင် ပထမနှစ် သင်တန်းများအား ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းဝင် အဆောက်အဦးအဖြစ်လည်း ပါဝင်လျက်ရှိပါသည်။