မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်

Listing Description

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းတွင် တည်ရှိသော ပရိုတက်စတင့် ခရစ်ယာန် နှစ်ခြင်း စာသင်ကျောင်း ဖြစ်သည်။ ၁၉၂၇ ခုနှစ် ဇွန်လတွင် Baptist Divinity School အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် Willis and Orlinda Pierce Divinity School ဟုလည်းကောင်း၊ ၁၉၄၉ ခုနှစ်တွင် Burma Divinity School ဟုလည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် Burma Institute of Theology ဟုလည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင်Myanmar Institute of Theology (မြန်မာနိုင်ငံဓမ္မတက္ကသိုလ်)ဟုလည်းကောင်း အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ကို အရှေ့တောင်အာရှဆိုင်ရာ သီအိုရီပညာရေးအသင်း (ATESEA) မှ အသိအမှတ်ပြုထားသည်။ ယခုအခါ ယင်းမြန်မာနိုင်ငံဓမ္မတက္ကသိုလ်အဆောက်အအုံသည် ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။