စုပေါင်းရုံး (အင်းစိန်)

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းပေါ်ရှိ အင်းစိန်မြို့နယ်စုပေါင်းရုံးသည် နှစ်ထပ်တိုက်အဆောက်အဦဖြစ်ပြီး အခန်းငယ်ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ စုပေါင်းရုံးဝင်း ဟုလည်း လူသိများသည့် ယင်းအဆောက်အအုံ၌ ခမ်းနားသော ဖွဲ့စည်းမှုတို့ကို တွေ့နိုင်ပြီး အသုံးပြုထားသော အုတ်ကြွပ်များ/ကျောက်ပြားများပေါ်တွင် (နောင်သော် Basel Mission ဖြစ်လာသည့်) Commonwealth Trust Ltd ၏ ၁၈၆၅ ခုနှစ်ထုတ်ကုန်ဟူ၍ ရေးထိုးထားသည်။ လက်ရှိ အဆောက်အအုံသည် လွတ်လပ်ရေးရပြီးချိန်မှ ၁၉၇၂ ခုနှစ်အထိ အင်းစိန်ခရိုင် တရားမနှင့် စက်ရှင် တရားရုံးအဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်မှ မြို့နယ်စုတရားရုံးအဖြစ်လည်းကောင်း၊ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး အဖြစ် လည်းကောင်း ပြောင်းလဲ ဖွင့်လှစ်လာသော အဆောက်အအုံဖြစ်ပါသည်။ ယနေ့အခါ အင်းစိန်မြို့နယ် တရားရုံးနှင့် အခြားဌာန ဆိုင်ရာအသင်း အဖွဲ့ ၂၀ ကျော်က ရုံးအဖြစ် ဖွင့်လှစ်ထားကာ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုအဖြစ်လည်း တည်ရှိနေပါသည်။