အင်းစိန်ပြည်သူ့ဆေးရုံကြီး

Listing Description

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းတွင် တည်ရှိသည်။ အင်းစိန်ပြည်သူ့ဆေးရုံကို ၁၉၁၃-၁၄ ခုနှစ်တွင် စီရင်စုခိုင်ကြေးရံပုံငွေ (District Cess Fund) ဖြင့် စတင်တည်ဆောက်ခဲ့သည်။ ၁၉၂၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပွဲစားကြီးဆာဘိုးသာ လှူဒါန်းသော ခွဲစိတ်ခန်းမြောက်ဘက်ဆောင်ကို အုတ်မြစ်ချတည်ဆောက်ခဲ့သည်။ ယခုအခါ အင်းစိန်ပြည်သူ့ဆေးရုံရှိ အဆောက်အအုံသည် ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ် အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။