စည်ရှင်ဆရာတော်ကြီး (အရှင်အဂ္ဂဉာနာဘိဝံသ)

Listing Description



ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် (၁၃၀၀)ပြည့်နှစ် တန်ဆောင်မုန်းလဆန်း (၁၃) ရက် (တနင်္ဂနွေနေ့)တွင် ခမည်းတော် ဦးအောင်ကျော်နှင့် မယ်တော် ဒေါ်သိန်းမိတို့မှ စစ်ကိုင်း တိုင်း၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးဆင်ကျွန်းရွာတွင် ဖွားမြင်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၃၁၂)နှစ် ကဆုန်လဆန်း (၈)ရက်တွင် မုံရွာမြို့ နယ်၊ ဘုမ္မနိုးဆင်ကျွန်းရွာရှိ တောင်ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသသည်  နိုဝင်ဘာလ(၁၉)ရက်၊ နံနက်(၉)နာရီ (၃၃)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ 
ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူချိန်တွင် သက်တော်(၈၅)နှစ်၊ ဝါတော် (၆၆)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
စည်ရှင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို (နိုဝင်ဘာလ ၂၃ ရက်) တွင် မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း နှင့် လမ်း ၄၀ ကြား၊ ကမ်းနားလမ်းရှိ ဧရာဦးဆိပ်ကမ်း ဈာပနကွင်း၌ ကျင်းပ ကြောင်း သိရှိရသည်။