ဗောဓိတစ်ထောင်ထိုင်တော်မူရုပ်ပွားတော်ကြီး

Listing Description

ဗောဓိတစ်ထောင်လေးကျွန်းစင်္ကြာထိုင်တော်မူရုပ်ပွားတော်ကြီးသည်  မုံရွာမြို့ ခေတ္တက္ကန်တောင် ကျေးရွာ မဟာဗောဓိတစ်ထောင်တောရကျောင်းတိုက် ဗန္ဓဝတောင် ကုန်းတော်တွင် ၂၀၁၃ ဇန်နဝါရီ ၂၄ ရက်က ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အမြင့် ၂၇ ပေရှိ ကြာပလ္လင်နှင့် စုစုပေါင်းဉာဏ်တော်အမြင့် ၂၃၄ ပေ၊ ဒူးခွင်တော်အကျယ် ၁၆၅ ပေ၊ တင်ပါးတော်နှင့် ရှေ့ဒူးခွင် ၁၁၁ ပေ၊ တင်ပါးတော်အကျယ် ၆၀ ပေ နှင့် အထပ်ပေါင်း ၁၁ ထပ် ရှိပါသည်။