ရွှေဂူဖြူဘုရား

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏အရှေ့ဘက် ၁၀ မိုင်အကွာ ကျောက္ကာရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၂၅၃ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်နေ့တွင် ရွှေကျောင်းဆရာတော် အရှင်ဥဏမဉ္ဇူအမှူးပြုကာ ရွာသူရွာသားများ စုပေါင်းအားဖြင့် ရွှေဂူဖြူဘုရားအား ၂၈ တောင်ရှိသော ပန္နက်တော်ကို အခြေတည်ကာ တည်ထားကိုးကွယ်ခဲ့ပါသည်။ ထိုဘုရားဝင်းအတွင်းရှိ ဆင်ဖြူတော်ရုပ်ကြီးအား လက်ယာရစ် (၇) ပတ် ပတ်ကာ လိုရာဆုကိုတောင်းလျှင် ဆုတောင်းပြည့်သည်ဟု ဆိုစမှတ်ပြုကြသည်။