ခင်မောင်သန်း (စိတ်ပညာ) (၁၉၃၇-၂၀၁၀)

Listing Description

ဦးခင်မောင်သန်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာလတွင် အဖ ဦးကြင်ဖေ အမိ ဒေါ်မိမိတို့မှ မုံရွာမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ခင်မောင်သန်း ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ကို စိတ်ပညာ အဓိကဖြင့် ရခဲ့သည်။ မန္တလေးတက္ကသိုလ် စိတ်ပညာဌာန တွင် သရုပ်ပြဆရာအဖြစ် အမှုထမ်းခဲ့သည်။

၁၉၆၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ပါဒူးတက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ မဟာသိပ္ပံဘွဲ့ရခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် ဆက်ပြီး အမှုထမ်းခဲ့သည်။ မန္တလေးတက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခဌာနမှူး(ငြိမ်း)။

စိတ်ပညာ ဆောင်းပါးများကို လစဉ်ထုတ် စာစောင်များတွင် အဆက်မပြတ် ရေးသားခဲ့သည်။

အယူသီးမှု၊ နတ်ကိုးကွယ်မှု နှင့် စိတ်ပညာ ရှုထောင့် ဟူသော စာအုပ်အပါအဝင် ရေးခဲ့၊ ထုတ်ခဲ့သော စာအုပ်ပေါင်း ၁ဝ အုပ်ကျော် ရှိသည်။

စာရေးဆရာ ခင်မောင်သန်း (စိတ်ပညာ)သည် အသက်(၇၄)နှစ် (၁၈-၁၁-၂၀၁၀ ရက်နေ့တွင် ကွယ်လွန်သည်။