ရွှေကြိုးရစ်ဘုရား

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်း (အမြင့်ကျေးရွာ)တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးက ထုလုပ်ကိုးကွယ်ခဲ့သော ရုပ်ပွားတော်မြတ် ဖြစ်သည်ဟု သိရပါသည်။ ဉာဏ်တော်အမြင့် ၂ ပေရှိ ရွှေသားအစစ် ထိုင်တော်မူဆင်းတုတော်ဖြစ်ပါသည်။ အနော်ရထာမင်းလက်ထက်တွင် နန်းတော်ဦး၌ ကိုးကွယ်ခဲ့ပြီး ကျန်စစ်သားမင်းကြီးလက်ထက်၌ ကျန်စစ်သားမင်းကြီး၏ သမီးတော် ရွှေအိမ်စည်က ကျုံး၊ မြို့ရိုးတို့ဖြင့် စည်ပင်လျက်ရှိသော အမြင့်မြို့သို့ ပင့်ဆောင်ပူဇော်ခဲ့ပါသည်။ ဟောင်းနွမ်းပျက်စီးနေသော ဆင်းတုတော်အား သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် အမြင့်မြို့ ဘုရားဒါယကာ ဦးဘိုးမြင့်က ပြန်လည်ပြုပြင် ရောင်တော်ဖွင့်ခဲ့ပြီး ယခုအခါ  ကြည်ညိုသပ္ပါယ်စွာ ဖူးမြင်တွေ့ရပါသည်။