တိုင်တစ်ရာကျောင်း

Listing Description

တိုင်တစ်ရာကျောင်း ခေါ် ကျောင်းသစ်ကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာ လယ်ဇင်ရွာရှိ ရှေးဟောင်းအမွေအနှစ် ကျောင်းတော်ကြီး တစ်ခုဖြစ်သည်။ မူလဆောက်လုပ်စဉ်က တိုင်ပေါင်း ၁၀၈ လုံးရှိခဲ့သော်လည်း အမိုးမပါ သပိတ်ဆေး လေသာဆောင် ပျက်စီးသွားသည့်အတွက် တိုင်မှာ ၉၉ လုံးသာကျန်တော့ကြောင်းသိရပါသည်။ လက်သမားဆရာကြီး ဦးဘိုးကာက ကျောင်းကြီးကို ၁၂၆၁ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ လယ်ဇင်တိုက်နယ်သူကြီး ဦးရာပိုက ပထမလယ်တီဆရာတော်ကြီး သီတင်းသုံးရန် လှူဒါန်းခဲ့ပါသည်။