ရတနာရွှေဂူဘုရားကြီး

Listing Description

ရတနာရွှေဂူဘုရားကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့မရပ်ကွက်အတွင်း တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၂၈၈ ခုနှစ်တွင် ညောင်ဦးစောရဟန်းမင်းက စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု ယခုခေတ်ရေးထိုးထားသော ရတနာရွှေဂူဘုရားကြီး ကျောက်စာတွင် ဖော်ပြပါရှိသည်။ သမိုင်းမူကွဲအရ အလောင်းစည်သူမင်းကြီးက စတင်တည်ထားခဲ့သည်ဟုလည်း ဆိုကြပါသည်။