မြစည်းခုံစေတီ

Listing Description

မြစည်းခုံစေတီသည် တောင်ငူမြို့လယ်တွင်ရှိသော ရွှေဆံတော်ဘုရား၏ တောင်ဘက်တွင် တည်ရှိသည်။ တောင်ငူခေတ် ကြေးသွန်းမဟာမုနိရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်တော်မူလျှက်ရှိပါသည်။ စေတီတော်၏ ပရဝုဏ်အတွင်း ဘုရင့်နောင်မင်းတရားကြီး ယိုးဒယားကို စစ်နိုင်၍ ယူဆောင်လာသော မတ်တပ်ရပ် ဗုဒ္ဓရုပ်ပွားတော်နှင့် ၁၉ ရာစုနှစ် ဗြိတသျှ အမြောက်နှစ်လက် ရှိပါသည်။ ထို့ပြင် ၁၉၀၁ ခုနှစ်တွင် ဂျာမန်လူမျိုး ဇနီးမောင်နှံနှစ်ဦးလှူဒါန်းထားသော ရွှေကျောင်းနှင့် ဂျာမဏီပြည်မှ ကြေးရုပ်ကြီးနှစ်ရုပ်လည်း တည်ရှိပါသည်။