မေယုကျွန်းနှင့်မီးပြတိုက်

Listing Description

မေယုကျွန်းသည် စစ်တွေမြို့ အနောက်မြောက်ဘက် ၂၅ မိုင်အကွာတွင်တည်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နီးကပ်စွာ တည်ရှိပြီး မြန်မာနိုင်ငံအပိုင်ဖြစ်သည်။ ကာလကတ္တားမြစ်၊ စစ်တောင်းမြစ်၊ မေယုမြစ်၊ ကုလားတန်နှင့် လေးမြို့မြစ်တို့ဆုံရာ ရေစီးကြောင်း ဝဲလည်ရာမှ ပထဝီသဘောအရ သီးခြားဖြစ်ပေါ် တည်ရှိနေသော ကျွန်းဖြစ်သဖြင့် ရေအောက်ပိုင်း (အောက်ခြေ) အဖျားရှူး၍ အပေါ်ပိုင်း ကားထွက်နေသော ကတော့ပုံသဏ္ဌာန်ရှိ ကျွန်းငယ်တစ်ခု ဖြစ်သည်။ မေယုကျွန်း၏ အရွယ်အစားမှာ တောင်-မြောက်ဘက် အလျား ပေ ၄၀၀ ခန့်၊ အရှေ့-အနောက်အကျယ် ပေ ၂၀၀ ခန့်၊ စုစုပေါင်းဧရိယာ ၁ ဒသမ ၈ ဧကခန့်ရှိ ကျွန်းငယ်တစ်ခု ဖြစ်သည်။ ကျွန်းပေါ်ရှိ မေယုမီးပြတိုက်ကြီးအား ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး မီးပြစင်အမြင့် ၁၃၅ ပေ၊ အချင်း ၂၇ ဒသမ ၅ ပေ ရှိ သံကျွတ်ပုံလောင်း အဆောက်အအုံ အမျိုးအစားဖြစ်သည်။ ယခင်က Oyster မီးပြတိုက်ဟု ခေါ်တွင်ပြီး ၁၉၆၅ ခုနှစ်တွင် မေယုမီးပြတိုက်ဟု ပြောင်းလဲခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ မူလမီးအချက်ပြစနစ်မှာ အင်ဂျင်စနစ်ကို အသုံးပြုမီးထွန်း ပြသခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆိုလာမီးအိမ် အစားထိုး တပ်ဆင်ကာ အစောင့်ဝန်ထမ်းများ မထားရှိတော့ဟု မှတ်သားသိရှိရသည်။

ဆက်စပ်ဖတ်ရှုရန်