စစ်တွေလေဆိပ်

Listing Description

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် တည်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်တပ်လေယာဉ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုမ္ပဏီ လီမိတက်၊ လေကြောင်း ဌာနသို့ လွှဲပြောင်းခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် လေယာဉ်ပြေးလမ်းကို အရှည် ပေ ၆၀၀၀ နှင့် အကျယ် ပေ ၁၄၀ အထိ တိုးချဲ့ခဲ့သည်။ လေဆိပ်အဆောက်အအုံကို အကျယ် ပေ ၁၂၀ မှ ပေ ၂၂၀ အထိ တိုးချဲ့ခဲ့ပြီး ၂၀၀၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အက်ဖ်-၂၈ လေယာဉ်များ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်း ၄ လက်မထု ကွန်ကရစ် ခင်းခြင်း လုပ်ငန်းမှာ ၂၀၀၉ ခုနှစ် တွင် ပြီးစီးခဲ့သည်။ ညအခါ လေယာဉ်အဆင်းအတက် ပြုလုပ်နိုင်ရန် ညအချိန် လေကြောင်းအချက်ပြစနစ်များ တပ်ဆင်ထားသည်။