ချင်းတွင်းတံတား (ကလေးဝ)

Listing Description

ချင်းတွင်းတံတား (မုံရွာ) ၏ အထက်ဘက် ကလေးဝမြို့အနီး ရေဦး-ကလေးဝလမ်း မိုင်တိုင် (၁၀၄၂၆) တွင် တည်ရှိပါသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတွင် ရှိသော ကလေးဝ - မော်လိုက်လမ်း၊ ကလေးဝ - ကျီကုန်းတမူးလမ်း၊ ကလေး - ဖလမ်း - ဟားခါးလမ်း၊ မုံရွာယာကြီး - ကလေးဝလမ်းတို့နှင့် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ ကလေးဝ - ရေဦးလမ်းတို့နှင့် ချိတ်ဆက်ရာတွင် အရေးပါသော တံတားဖြစ်သည်။ တရုတ်-မြန်မာအိန္ဒိယ သုံးနိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား တစ်စင်းလည်းဖြစ်သည်။ နှစ်လမ်းသွားကားလမ်း သံမဏိသံပေါင် အမျိုးအစားတံတားဖြစ်ပြီး တံတား အရှည်မှာ ၂၈၀၅ ပေရှိသည်။ ၂-၄-၂၀၁၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

#ချင်းတွင်းမြစ်ကူးတံတား ကလေးဝတံတား