အိုင်းရင်းဇင်မာမြင့်

Listing Description

၁၉၉၀ ပြည့်နှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း လေးယောက်တွင် အငယ်ဆုံးသမီးဖြစ်ပြီး အစ်ကို ၃ ယောက်ရှိသည်။ သူမ၏အစ်ကိုများထဲမှ တစ်ဦးဖြစ်သည့် Leo ဘိုဘို သည် အဆိုတော်တစ်ဦးဖြစ်သည်။ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ်တွင် ပညာသင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရခဲ့သည်။

အသက် ၁၉ နှစ်အရွယ်၌ Melody World သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိပ်တန်း ၅ ဦးစာရင်းတွင် မပါဝင်ခဲ့သော်လည်း ပရိသတ်များ သတိထားမိကာ လူသိများခဲ့သည်။ ထို့နောက် ကြော်ငြာများ လက်ခံရိုက်ကူးခဲ့ပြီး စတိတ်ရှိုးပွဲများကိုလည်း မြန်မာနိုင်ငံအနှံ့ပတ်၍ သီဆိုဖျော်ဖြေခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “ယိမ်းလိုက်” ထွက်ရှိခဲ့ပြီး ပရိသတ်များ အားပေးမှုရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Shwe FM ၏ ၄ နှစ်ပြည့်ပွဲတွင် “နှလုံးသားအရင်းအနှီး” သီချင်းဖြင့် တောင်းဆိုမှုအများဆုံးသီချင်းဆု ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ဒုတိယမြောက် အယ်လ်ဘမ် “ချစ်လို့” ထွက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် တတိယမြောက် အယ်လ်ဘမ် “MAR” ထွက်ရှိခဲ့သည်။

ယုံ၊ ကွဲ၊ မုန်းခဲ့သည်၊ မွေးနေ့လက်ဆောင်များ၊ မနဲ့မောင်၊ မင်းမသိသော စသည့် သီချင်းကောင်းများစွာ သီဆိုခဲ့ပြီး အနုပညာခရီးတစ်လျှောက် အောင်မြင်မှုမှတ်တိုင်များ ဆိုက်ထူးထားနိုင်သော အဆိုတော်တစ်ဦးဖြစ်သည်။