မင်းဘုန်းမြတ်

Listing Description

၁၉၉၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မင်းခန့်မောင်မောင်ဖြစ်သည်။ မူလတန်းကို အ.မ.က (၇) မြောက်ဥက္ကလာပတွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး အ.ထ.က (၂) ဗဟန်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် STARZ & MODEL အေဂျင်စီတွင် မော်ဒယ်သင်တန်းတက်ရောက်ခဲ့ပြီး မော်ဒယ်တစ်ယောက်အဖြစ် အနုပညာအလုပ်များ လုပ်ကိုင်ရင်း ဒါရိုက်တာမောင်မျိုးမင်း၏ သရုပ်ဆောင်သင်တန်းကို တက်ရောက်၍ သရုပ်ဆောင်လောကသို့ ရောက်ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် MRTV-4 မှ ထုတ်လွှင့်ပြသသော “မနေ့ကဖြစ်သည် ၂” ရုပ်သံဇာတ်လမ်းတွဲတွင် ကျော်ကျော်ဗို၊ အောင်မင်းခန့်၊ ခါရာ၊ အေးမြတ်သူ၊ ဆုပန်ထွာ၊ သက်ဦးကို၊ ကောင်းဆက်နိုင်တို့နှင့် အတူ ပထမဦးဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။

၂၀၁၉ ခုနှစ်တွင် “ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင် ဇာတ်ကားတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရန်အောင်၊ မို့မို့မြင့်အောင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်မှာပင် MRTV-4 မှ ထုတ်လွှင့်ပြသသော “Toxic 2” တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် မာယာလှည့်ကွက် (၂၀၂၀)၊ Evening Miracle (၂၀၂၀)၊ စေတလုံးမောင်ဖုန်း (၂၀၂၁) စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။